ရိုင်ဖယ်အမည်များ

Sunday, July 27, 2014

QBU 09/ QBU 10


QBU 10 ၁၂.၇ မမ လက်ဖြောင့်သေနတ်ကြီးကတော့ QBU 09 ကို ထုတ်လုပ်ပြီး မကြာမီမှာပဲ အဆင့်မြင့်တင်လိုက်တဲ့ သေနတ်ဖြစ်ပါတယ် ။တရုတ်အထူးတပ်ဖွဲ့ဝင်များ နဲ့ မရိန်း တပ်တွေ အတွက်တပ်ဆင်ပေးဖို့ ရည်ရွှယ်ထားခဲ့ပြီးမီတာ၁၀၀၀အတွင်းမှာရှိတဲ့ ပေါ့ပါးတဲ့ကား တွေ သံချပ်ကာကား တွေကိုဟန့်တားဖို့ရယ် ဘန်ကာတွေနဲ့ နံရံတွေနောက်က ရန်သူကိုပစ်ခတ်နိုင်ဖို့ဖြစ်ပြီး မီတာ ၂၀၀၀ အတွင်းက လူစုလူဝေးပစ်မှတ်တွေကို ဖြို့ခွင်းတိုက်ခိုက်ဖို့ဖြစ်ပါတယ်။
 စထုတ်ကတည်းက တရုတ်တပ်မတော်တစ်ခုအတွက်သာ ရည်ရွှယ်ထုတ်လုပ်ခဲ့ပြီး မည်သည့်နိုင်ငံခြားကိုမှ
ရောင်းချထားခြင်းမရှိသေးပါဘူး ။ အဲဒီအတွက်လည်း သူ့ရဲ့အစွမ်းကို သိနိုင်ခဲပါတယ် ။ဒါပေမယ့် ထူးခြားတဲ့
အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလ မှာတော့ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက ကေအိုင်အေ အကြမ်းဖက်
သောင်းကျန်သူတွေ လက်ထဲမှာ ထူးထူးခြားခြားတွေ့ရှိလိုက်ရပါတယ် ။

QBU 10 အနေဖြင့် ယခင်ဆိုဗီယက် စံတစ်ခုဖြစ်တဲ့ ၁၂.၇x၁၀၈ မီလီမီတာ ကိုတုပယူထားပြီး ဒဿမ ၅၀ နဲ့ နေတိုးစံဖြစ်တဲ့ ၁၂.၇x၉၉ တွေ လည်း ရှိနေနိုင်ပါသေးတယ် ။အနောက်နိုင်ငံ ဟန်/ဒီဇိုင်းကို မမှီခိုပဲ
ကိုယ်ပိုင်ဒီဇိုင်းနဲ့ထုတ်ထားနိုင်ခဲ့တဲ့အတွက် သေနတ်တစ်လက်အနေနဲ့ ရုရှားသေနတ်များကဲ့သို့ မျက်နှာရစေမှာတော့ သေချာပါတယ် ။

QBU 10 ဟာ မီတာ ၁၀၀၀ မှာ 2-3MOA ထိမှတ်ညွန်းရှိပါတယ် ။စနိုက်ပါ ကျည်ဖြင့်ပစ်ခတ်လျှင် မီတာ ၁၀၀၀ မှာ  full-spread circle diameter ၁၃ စင်တီမီတာ ရရှိနိုင်ပြီး ရိုးရိုးကျည်ဖြင့် ပစ်ခတ်လျှင်တော့
မီတာ ၁၅၀၀ မှာ full-spread circle diameter ၁၅ စင်တီမီတာ ထိရောက်ပါတယ် ။

သူ့ရဲ့ မောင်းပြန် နည်းပညာကတော့ ဆီမီးအော်တိုမစ်တစ် Gas-operated  ဖြစ်ပြီး တုန်ခါမှူအားကို သိသိ
သာသာ လျှော့ချထားနိုင်တယ်လို့ ကြားရပါတယ် ။ဆုံလည်မောင်းတုံးဖြစ်တဲ့ rotary Bolt Locking နဲ့ပဲဖြစ်ပြီး Short-Stoke GAS Piston အသုံးပြု မောင်းပြန်နည်းပညာဖြစ်ပါတယ် ။ကျည်ဆံ ၅ တောင့်ဝင်
ကျည်အိမ်နဲ့ တပ်ဆင်ပစ်ခတ်ပါတယ် ။

လက္ခဏာများယူနစ်များ
ပြောင်းအမျိုးအစား၁၂.၇x၁၀၈ မီလီမီတာ
မောင်းပြန်နည်းပညာGas Operated/Semi-Automatic
သေနတ်တစ်ခုလုံးအလျား၁၃၈၀ မီလီမီတာ/၅၄.၃ လက်မ
ပြောင်းအလျား၇၈၀ မီလီမီတာ/၃၀.၇ လက်မ
ပြောင်းအမျိုးအစား၁၂.၇x၁၀၈
သေနတ်အလေးချိန်(ကျည်အိမ်မပါ/စကုပ်မပါ)၁၃.၃ ကီလိုဂရမ်/၂၉.၃ ပေါင်



ပြောင်း/ကိုယ်ထည်/ဒင် နဲ့ အပစ်ခလုတ်မောင်းအစုအဝေးပိုင်းတို့ကို လျှင်မြန်စွာဖြုတ်နိုင် တပ်နိုင်ပါတယ်။



ပစ်ခတ်သူစနိုက်ပါအနေနဲ့ အစိတ်အပိုင်းလိုက်ဖြုတ်ကာ ကျောပိုးအိတ်ထဲ ထည့်ပြီး သက်တောင့်သက်တာ
သယ်ဆောင်အသုံးပြူနိုင်တဲ့ အပြင် ရုတ်ချည်းလျှင်မြန်စွာတပ်ဆင် အသုံးပြုနိုင်ပါတယ် ။ချိန်ဆိုဒ်များဟာ ခေါက်/တင် လို့ရတဲ့ အမျိုးအစားဖြစ်ပြီး သေနတ်ပြောင်းတွင်လည်း နှစ်ချောင်းထောက်
တပ်ဆင်ထားခဲ့ပြီး ဒင်အောက်တွင်လည်း တစ်ချောင်းထောက်ငယ် ကို တပ်ဆင်ထားပေးပါတယ် ။ကိုယ်ထည်မှာ စကုပ်တပ်ဆင်ရန် integral Picatinny-type rail လမ်းကြောင်းတပ်ဆင်ထားပေးပါတယ် ။

Picatinny-type rail လမ်းပေါ်တွင်တပ်ဆင်ထားသော ဘက်စုံစနစ်ပါဝင်သော 8ဆချဲ့တပ်လီစကုပ်နှင့် ခေါက်/တင် နိုင်သော သာမာန် Iron ချိန်ဆိုဒ်


တပ်ဆင်အသုံးပြုတဲ့ စကုပ်ဟာဆိုလျှင် ၈ ဆ ချဲ့တယ်လီစကုပ်ဖြစ်ပြီး ညကြည့် IRစနစ် အလိုအလျောက်အ
ကွာဝေးတိုင်းစနစ်နဲ့ ပစ်ခတ်ရန်အတွက် ကျည်ဆံအလေးချိန် လေတိုက်နှူန်း အပူချိန် စသည်ဖြင့် တွက်ချက်
နိုင်ပြီး စကုပ်အနေအထားယူနစ်များကိုပါတွက်ချက်ဖော်ပြပေးပြီး မှတ်တမ်းတင်ထားနိုင်တဲ့ ballistic computer စနစ်တို့ပါဝင်တဲ့ တယ်လီစကုပ်ကို တပ်ဆင်ပါတယ် ။တုန်ခါမှူနည်းပါးစေနိုင်ဖို့ ပြောင်းစွပ် မီးကာ
ကြီး တပ်ဆင်ထားပြီး ဒင်ကို ရာဘာတုံးနဲ့လုပ်ထားပြီး ဒင်အပေါ်သားကိုလည်းရာဘာပြားနဲ့ပဲ အုပ်မိုးပေးထား
ပါတယ် ။တုန်ခါမှူနည်းစေတဲ့ ပြောင်းကို အသုံးပြုထားတယ်လို့ဆိုပေမယ့် တကယ်တမ်းမှာတော့ တုန်ခါမှူဟာထင်ထားသလောက် မလျှော့တာကို တွေ့နိုင်ပါတယ် ။

ပြောင်းစွပ် muzzle flame


ရာဘာအုပ် ရာဘာဒင်

ဒါကတော့ ကေအိုင်အေစခန်းတစ်ခုမှာမြင်ရတဲ့ QBU10 သို့မဟုတ် QBU 09 ပါ

အောက်ပါဗီဒီယိုဖိုင်ကတော့ QBU 10 ကိုထုတ်ကြွားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ် ။
http://www.youtube.com/watch?v=WTwixYorv_Q



(မှားယွင်းချွတ်ချော်မှူ ရှိပါက စာရေးသူ၏ လေ့လာမှူ အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်)

မြန်မာ့တပ်မတော်ထုတ် အမ်အေစီးရီးများ ( News Models)



၇.၆၂ မီလီမီတာသုံး စနိုက်ပါ ရိုင်ဖယ်

အမ်အေ ၁ အမ်ကေ ၃

အမ်အေ ၁ အမ်ကေ ၃ ချေမှူန်းရေးစက်ကလေး(၅.၅၆ မီလီမီတာကျည်ဆံ)

အမ်အေ ၃ အမ်ကေ ၃ ချေမှူန်းရေးစက်ကလေး(၅.၅၆ မီလီမီတာကျည်ဆံ)

အမ်အေ ၄ အမ်ကေ ၂ ချေမှူန်းရေးရိုင်ဖယ် ဗုံးပစ်လောင်ချာတွဲ(၅.၅၆ မီလီမီတာကျည်ဆံ +၄၀ မမ ဗုံးသီး)



အမ်အေ ၄ အမ်ကေ ၃ ချေမှူန်းရေးစက်ကလေး(၅.၅၆ မီလီမီတာကျည်ဆံ)

အမ်အေ ၅ အမ်ကေ ၂ (၉မမ)
အူဇီ
အမ်အေ ၂ အေ၁ ချေမှူန်းရေးစက်သေနတ်ကလေး
SHOT GUN

 mmmilitray.com(ကိုမိုးမြင့်) ဆီကနေ မလာတာပါခင်ဗျာ ။

တရုတ်တပ်ဖွဲ့ဝင်သုံး လက်နက်ငယ်များ

၂၀၁၂ ၊နိုဝင်ဘာလ(၁၄)ရက်နေ့ကဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ် 
(ကြည်း)ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် အဖွဲ့တို့ ချန်ဒူး(Chengdu )စစ်ဒေသကြီး လက်အောက်ခံ၊ အထူးစစ်ဆင်ရေး တပ်မဟာ တပ်စခန်း Special Combating Brigade သို့ ရောက်ခဲ့တာကို မြဝတီ ဖေ့ဘုတ်မှာ ပုံတွေတင်ထားတာ တွေ့ကြရမှာပါ ။ ကျွန်တော်လည်း အဲဒီပုံတွေကိုပဲ ကြည့်ပြီး သူတို့ ဘာတွေ ခင်းကျင်းပြလိုက်သလဲဆိုတာပဲ ရေးရမှာပဲ ။


 တရုတ်တို့ထုံးစံအတိုင်း QBZ တွေကိုပဲထုတ်ပြတာပေါ့နော် ။ သိတဲ့အတိုင်း Bullpup ဒီဇိုင်း QBZ တွေဟာ သိပ်ကောင်းတဲ့ လက်နက်ငယ်မျိုးဆက်တစ်ခု ။ Bullpup အကောင်းဆုံး ၁၀ မျိုးဝင်မျိုးစိတ်တစ်ခုဖြစ်ပါတယ် ။ QBZ 95 အတွက် 5.8×42mm DBP87 နဲ့ QBZ 97 အတွက် 5.56x45mm NATO ကျည်သုံး ချေမှူန်းရေး ရိုင်ဖယ်ပေါ့ဗျာ ။နော်ရင်ကို( Norinco) လို့ ခေါ်ကြတဲ့ China North Industries Corporation ကပဲ ထုတ်ခဲ့တဲ့ ကောင်လေးပေါ့ ။ QBZ 95 ရယ် QBZ 95B ရယ်ဆိုတာ ရှိတယ် ။ QBZ 95B ကတော့ ကာဘိုင်အမျိုးအစားပဲ ။ 95 နဲ့ ဘာကွာသလဲ မေးရင် မြန်မာလက်နက်ငယ်မှာ အမ်အေ ၁ နဲ့ အမ်အေ ၃ ကွာသလိုပါပဲ ။ အလျားတိုတာပဲ ရှိပါတယ် ။ QBZ 95 ကတော့ 5.8×42mm DBP87 ကျည်သုံးတယ် ။ QBZ 95 ကတော့ ၇.၂ ပေါင်(၃.၂၅ ကီလိုဂရမ်) လေးပြီး သေနတ်တစ်ခုလုံး အရှည် ၂၉.၃ လက်မ(၇၄၅ မီလီမီတာ ) အရှည်နဲ့ ပြောင်းအလျား ၁၈.၂ လက်မ(၄၆၃ မီလီမီတာ) အလျား ရှိပါတယ် ။ယမ်းငွေ့အားသုံးမောင်းပြန်ရိုင်ဖယ်စနစ်ပဲဖြစ်ပါတယ် ။ပြောင်းထွက်ရှိန် ၉၃၀ မီတာ/စက္ကန့် ( တစက္ကန့်ကို ၃၀၅၀ ပေ )ဖြစ်ပါတယ် ။တမိနစ်ကို ကျည် ၆၅၀ ဆက်တိုက်ပစ်ခတ်နိုင်ပါတယ် ။

QBZ 95B ကတော့ ၇.၂ ပေါင်(၃.၂၅ ကီလိုဂရမ်)လေးပြီး သေနတ်တစ်ခုလုံးအလျားက ၂ ပေ အတိ(၆၀၉ မီလီမီတာ ) နဲ့ ပြောင်းအလျား ၁၄.၅ လက်မ (၃၆၉ မီလီမီတာ ) အရှည်ရှိ ပြီး ပြောင်းထွက်ရှိန် ၇၉၀ မီတာ/စက္ကန့်(တစက္ကန့် ပေ ၂၅၈၁ ) ဖြင့် တမိနစ်ကို ကျည်၈၀၀ ဆက်တိုက် ပစ်ခတ်နိုင်ပါတယ် ။ အဲဒီမှာ တစ်ခုရှိပါတယ် QBZ 97 ဆိုတာ ပါပဲ ။ 95 တွေနဲ့ ဘာကွာလဲ ဆိုတာတော့ သိပ်မကွာပါဘူးခင်ဗျ ။ဒါပေမယ့် သူက ပိုပြီး standard gun ဖြစ်လာပုံရပါတယ် ။ဘာလို့လည်းဆိုတော့ QBZ 97 ကတော့ 5.56x45mm NATO ကျည် သုံးလာပြီး ကျည်တောင့် ၃၀ ဆံ ကျည်အိမ်ကိုတော့ STANAG ကျည်အိမ် သုံးထားပါတယ် ။သူ့ရဲ့ အရည်အသွေးတွေကတော့ ၇.၄ ပေါင်(၃.၃၅ ကီလိုဂရမ်) ဖြစ်ပြီး သေနတ်တစ်ခုလုံး အလျားကတော့ ၂၉.၈ လက်မ(၇၅၈ မီလီမီတာ) ရှိပါတယ် ။ပြောင်းအလျား ၁၉ .၃ လက်မ( ၄၉၀ မီလီမီတာ) ဖြစ်ပါတယ် ။တတောင့်ချင်းပစ် အတွဲလိုက်ပစ်အပြင် အတွဲတို ၃ ချက်ပစ် စနစ်လည်း ထည့်သွင်းထားပါတယ် ။
QBZ 95 နဲ့ QBZ 97 တို့၏ သိသာသော ခြားနားခြင်းများ

နောက်တစ်ခုကတော့ QBB 95 ချေမှူန်းရေး စက်သေနတ် ဖြစ်ပါတယ် ။QBZ 95 ကို မူတည်ပြီး ထုတ်ခဲ့တာပဲဖြစ်ပါတယ် ။ပြောင်းအလျားပိုရှည်တဲ့ စက်သေနတ်ဖြစ်ပါတယ် ။နော်ရင်ကို ကပဲ ထုတ်ခဲ့တာဖြစ်ပြီး သေနတ်တစ်ခုလုံးအလျား ၃၃.၁ လက်မ(၈၄၀ မီလီမီတာ) ဖြစ်ပြီး ပြောင်းအလျားကတော့၂၃.၆ လက်မ(၆၀၀ မီလီမီတာ) ရှိပါတယ်။အလေးချိန်ကတော့ ၃.၉၅ ကီလိုဂရမ် လေးပါတယ် ။၅.၈x၄၂ မမ DBP87 ကျည် အသုံးပြုပါတယ် ။ကျည်အိမ်ကိုတော့ ၃၀ ဆံကျည်အိမ်အပြင် အတောင့် ၈၀ ဆံ ကျည်ဘောက်အဝိုင်းနဲ့လည်း တွဲသုံးပါတယ် ။ထိရောက်မှူအကွာအဝေး မီတာ ၆၀၀ နဲ့ ၈၀၀ ဖြစ်ပြီး ပြောင်းထွက်ရှိန် ၉၇၀ မီတာ/စက္ကန့်( တစက္ကန့် ၃၁၈၁ ပေ) ဖြစ်ပါတယ် ။မောင်းပြန်နည်းပညာကတော့ QBZ 95 လိုပဲဖြစ်ပါတယ် ။
QBB 95 light support weapon
QBZ အကြောင်းကွန့်နေရင် စာရှည်သွားမှာမို့ လေ့လာရေး သွားတုန်းက ခင်းပြလိုက်တဲ့ ပုံတွေ ထဲက ကောင်လေးတွေကိုပဲ ရေးလိုက်ပါတော့မယ် ။ တရုတ်မှာအသုံးများတာကတော့ ၅.၈ x ၄၂ မမ သုံး QBZ 95 တွေနဲ့ 95 B တွေ ဖြစ်ပါတယ် ။ နောက်တစ်ခုကတော့ ခင်ကျင်းပြသတဲ့ အထဲကမှ ပုံစံ ၀၅ (၅.၈ မမ ကျည်သုံး စက်သေနတ်ကလေး) ဖြစ်ပါတယ်

QCW ပုံစံ ၀၅ (၅.၈ မမ စက်သေနတ်ကလေး)
ဒီQCWType05 တွေကတော့ယခင်ပုံစံ၈၅စက်ကလေး(ကျွန်တော်တို့ဆီက နေဝင်းစတင်းလို့ခေါ်တဲ့ကောင်တွေနဲ့ ခပ်ဆင်ဆင်)နေရာမှာ အစားထိုးလာတဲ့ ကောင်ဖြစ်ပါတယ် ။ဒီကောင်ကတော့ QBZ 95 နဲ့ အတွင်းပိုင်းဖွဲ့စည်းမှူ အတူတူပါပဲ ။ ထူးခြားတာကတော့ အလူမီနီယံ ပြောင်း ပဲဖြစ်တယ် ။QBZ တွေ နဲ့သူ့မျိုးဆက်အားလုံးရဲ့ ကိုယ်ထည်ဟာ Polymer ပဲဖြစ်ပါတယ် ။ဂျာမာန် ရဲ့ HK MP5 ကို အတုယူပြီး ထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ် ။ Jianshe Industries Group ကထုတ်လုပ်ခဲ့ပြီး 5.8x21 (DAP92-5.8) ကျည် အသုံးပြုပစ်ခတ်ပါတယ် ။ကျည် ၅၀ ဆံ ၂ တောင့်ပြိုင်ထည့် ၂ တန်းဖြစ်တဲ့ (four-row) ကျည်အိမ် တပ်ဆင် အသုံးပြုပါတယ် ။ ၂.၂ ကီလိုဂရမ် အလေးချိန်ရှိပြီး မီလီမီတာ ၅၀၀ အတိ ရှိကာ ပြောင်းထွက်ရှိန် ၁၅၀ မီတာ/စက္ကန့် ထိရောက်မှူ မီတာ ၁၅၀- ၂၀၀ ထိရောက်စွာ ပစ်ခတ်နိုင်ပါတယ် ။
QCWType05
လေးမြောင်း(4-row)ကျည်အိမ်အတွင်းပိုင်း


ဒီ QCW ပုံစံ ၀၅ တွေက အမှတ်မဲ့ကြည့်ရင် JS 9 မမ စက်သေနတ်ကလေးနဲ့ ဆင်ပါတယ် ။ဒီတော့ JS 9မမ စက်သေနတ်ကလေး အကြောင်းလည်း လမ်းကြုံလို့ပြောပါအုံးမယ် ။
JS ၉ မမ စက်ကလေး

JS ၉ မမ စက်ကလေးအကြောင်းပြောပါ့မယ်။သူကလည်း ပုံစံ ၀၅ နဲ့ထူးမခြားနားပဲဖြစ်ပါတယ်။ JS လို့ခေါ်ရတာကတော့ ကျန်းရှယ် စက်မှူဇုန်(Jianshe Industries Group )က ထုတ်လို့ပါပဲခင်ဗျ ။
၉ မမ ကျည် အသုံးပြုပစ်ခတ်ရပြီး ကျည် ၂၀ (သို့မဟုတ်) ၃၀ ဆံကျည်အိမ်တို့တပ်ဆင် ပစ်ခတ်လို့ ရပါတယ် ။တတောင့်ချင်းရော အတွဲလိုက်ရော ပစ်ခတ်လို့ရပြီး ၉x၁၉ ကျည်ဖြစ်တဲ့ DAP 92-9 ကျည် အဓိကအသုံးပြုပစ်ခတ်နိုင်ပြီး ၉ မီလီမီတာ ကျည်များဖြစ်တဲ့ လူဂါ(Luger) ၊ ပါရာ(PARA) တို့ရဲ့ ကျည်များနဲ့လည်း အသုံးပြုနိုင်ပါသေးတယ် ။ သာမာန် အလေးချိန်ကတော့ ၂ ကီလိုဂရမ်သာ အလေးချိန် ရှိပါတယ် ဆိုင်လင်ဆာ သို့မဟုတ် Suppressor တပ်ဆင်တဲ့အချိန်မှာတောင် ၂.၄ ကီလိုသာ လေးပါတယ် ။သေနတ်တစ်လက်လုံး အရှည်ဟာ ၄၅၀ မီလီမီတာ သာ ရှိပြီး ပြောင်းထွက်ရှိန် ၃၂၁ မီတာ/စက္ကန့် ရှိပါတယ် ။ စမ်းသပ်ချက်များ နှင့် တိုက်ပွဲ အတွေ့အကြုံများအရဆိုလျှင် မီတာ ၅၀ အတွင်းမှာ ၅၀ မီလီမီတာ အထူ သစ်သားနဲ့ စတီးဟဲလ်မတ်ကိုတောင် ဖောက်နိုင်တယ်လို့ ဆိုပါတယ် ။ ထိရောက်မှူ အကွာအဝေးကတော့ မီတာ ၁၀၀- ၁၅၀ ဖြစ်ပါတယ် ။

နောက်တစ်ခုကတော့ QSZ 92 ပစ္စတို ပဲဖြစ်ပါတယ်


ဒီကောင်ကလည်း အပေါ်က ပုံစံ ၀၅ နဲ့ ဂျေအက်စက် လိုမျိုးပဲ ၉ မီလီမီတာနဲ့ ၅.၈ မီလီမီတာ ဆိုပြီး နှစ်မျိုးလာတယ် ။ ၀.၇၆ ကီလိုဂရမ် သာလေးပြီး ၁၉၀ မီလီမီတာ အရှည်ဖြစ်ပါတယ် ။ပြောင်းထွက်ရှိန်တွေကတော့ ၃၅၀ မီတာ/စက္ကန့်ဖြစ်ပါတယ် ။ ၉x ၁၉ မီလီမီတာ ကျည်နဲ့ဆိုလျှင် ၁၅ တောင့်ဆံ ကျည်အိမ် အသုံးပြုပြီး ၅.၈ မီလီမီတာ DAP 92 ဆိုလျှင် ကျည် ၂၀ ဆံကျည်အိမ် အသုံးပြုပါတယ်။ပြောင်းလည်ပင်းမှာတော့ဓါတ်မီးငယ်၊ လေဆာရောင်စဉ်တန်းအိမ်တို့တပ်ဆင်ဖို့ မြောင်းရှိပါ တယ် ။မောင်းခလုတ်ကို၂ဆင့်ဆွဲအသုံးပြုနိုင်ပါတယ် ။

QSZ 92 (9 မမ)

QSZ 92(9 မမ)ထက်စာရင် QSZ 92(၅.၈ မမ) ဟာ ဒေါင့်ချိုးတွေမှာ အနည်းငယ် လုံးတာကို မသိမသာ တွေ့ရပါတယ် ။
QSZ 92(5.8 မမ)

ဒီကောင်တွေကို နော်ရင်ကိုကထုတ်လုပ်ပြီး ၁၉၉၄ မှာ တရုတ်တပ်မတော်နဲ့ရဲတပ်ဖွဲ့တွေမှာ တပြိုင်တည်း တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ် ။
တရုတ်ရဲတပ်ဖွဲ့ဝင်များအား QSZ 92 များနှင့် တွေ့ရစဉ်

QSZ 92(5.8 မမ) အားဆိုင်လင်ဇာတပ်ဆင်ထားစဉ်

(မှားယွင်းချွတ်ချော်မှူ ရှိပါက စာရေးသူ၏ လေ့လာမှူ အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည် )

Walther WA2000


ထူးထူးခြားခြား ၅နှစ်ကျော် ဒီဇိုင်းအကြိမ်ကြိမ်ဆွဲခဲ့ပြီး ၁၉၈၂ ကျမှ ပုံစံအတည်တကျပေါ်ထွက်လာတဲ့ စနိုက်ပါရိုင်ဖယ်ပါ ။၅ နှစ်ကျော် ဒီဇိုင်းဆွဲခဲ့သည့်ကြားကပင် ၁၉၈၈ အထိ ပုံစံ ၃မျိုးဆက်ထုတ်ခဲ့ပါတယ် ။အဲဒါကတော့ ဒသမ ၃၀၀ မဂ္ဂနပ်ပြောင်း/7.62x NATO နဲ့ 7.5x55 ဆွစ် တို့ပဲ ဖြစ်ပါတယ်။ဒဿမ ၃၀၀ မဂ္ဂနပ်ပြောင်းသေနတ်ဟာ မီတာ ၁၀၀၀ အထိ စွမ်းဆောင်နိုင်စွမ်းရှိပါတယ် ။အတည်မပြုနိုင်တဲ့ သတင်းများအရ ဒီသေနတ်ကိုမူတည်ပြီး နာမည်ကျော် DSR များ ပေါ်ထွက်လာတယ်ဆိုတာပါပဲ ။မောင်းပြန်စစ်စတမ်များကတော့ ဓါတ်ငွေ့အားသုံးမောင်းပြန်အပြင်တတောင့်ချင်းမောင်းပြန်နဲ့ ဆီမီးအော်တို တို့ဖြစ်ပါတယ် ။မောင်းခလုတ်ကိုတော့ နှစ်ချက်ဆွဲ adjustable သုံးထားပါတယ်..။sight ကိုလည်း ထူးထူးခြားခြား 2.5-10x56 မီလီမီတာ ပဲဖြစ်ပါတယ် ။ အလေးချိန်ကတော့ 6.95 ကီလိုဂရမ်ဖြစ်ပြီး ပြောင်းအလျှား 650 မီလီမီတာ အပါအဝင် သေနတ်တစ်ခုလုံး အရှည်ကတော့ 905 မီလီမီတာ ဖြစ်ပါတယ် ။ ၆တောင့်ဆံ ကျည်အိမ်နဲ့တွဲသုံးထားပြီး ဆီမီးအော်တိုမစ်တစ် မောင်းပြန်စနစ်ဖြစ်ပါတယ်။ ဂျာမာန်ရဲတပ်ဖွဲ့တွေအသုံးများပြီး အခုအခါမှာတော့ ထုတ်လုပ်မှူရပ်ဆိုင်းသွားပါပြီ ။




HK-G3 & PTR 91 F









DTA HTI Rifle Chassis

ဝေးကွာတဲ့နေရာမှာရှိတဲ့ ခက်ခဲသော ပစ်မှတ်များကို ထိရောက်စွာ ချေမှူန်းနိုင်သော
လက်ဖြောင့်ရိုင်ဖယ်များတွင်အမေရိကန်ထုတ်(ဒဿမ ၅၀ ကျည်သုံး ) M107 A1/2/3 များမှာ နာမည်ကျော်သည်မှာ ဆယ်စုနှစ်များရှိခဲ့ပါသည် ။ယခုတိုင်လည်း ထိရောက်ကောင်းမွန်စွာ အသုံးပြုနေဆဲဖြစ်သည်။

သို့သော်လေးလံခြင်းထုထည်ကြီးမားခြင်းသယ်ဆောင်ရခက်ခဲခြင်းပြောင်းရွှေ့လှုပ်ရှားရန် ခက်ခဲသည့် 
အခက်အခဲများကြောင့် တိုက်ပွဲဝင် လက်ဖြောင့်စစ်သည်တို့ရဲ့ တောင်းဆိုမှူကြောင့် M107 များနေရာတွင် အစွမ်းထက်သော လက်ဖြောင့်ရိုင်ဖယ်များကို အစားထိုးသုံးလာကြသည် ။

M107 ဒဿမ ၅၀ စနိုက်ပါရိုင်ဖယ်ကြီး
 ထိုလက်ဖြောင့်ရိုင်ဖယ်မှာ DTA ဟု အမည်ရသော HTI (ဝေးကွာတဲ့နေရာမှာရှိတဲ့ ခက်ခဲသော ပစ်မှတ်များကို ထိရောက်စွာ ချေမှူန်းနိုင်သော လက်ဖြောင့်ရိုင်ဖယ်)အမျိုးအစား ဖြစ်သည် ။
* DTA(Desert_Tactical_Arms) HTI(Hard_Target_Interdiction)Precision Sniper Rifle *

DTA

BullPup(မောင်းခလုတ် နောက်တွင်ကျည်အိမ်နှင့်မောင်းပြန်စစ်စတမ်တပ်ဆင်ထားသော) သေနတ်အမျိုးအစားဖြစ်ပြီး M107 ထက် ၁၁ လက်မခွဲ တိုတောင်းပြီး ၁၀.၅ ပေါင် အလေးချိန်သာ ရှိတော့သော စနစ်ကျနမှူရှိတဲ့ အချိုးအစားကျစ်လစ် သပ်ရပ်တဲ့ သေနတ်ကောင်းတစ်လက် ဖြစ်ပါသည်။ သေနတ်ရဲ့ထူးခြားချက်ကတော့ သေနတ်ကိုယ်ထည်မူရင်းထဲတွင် သေနတ်ပြောင်းအမျိုးအစား၎ မျိုးပြောင်းလဲ တပ်ဆင် အသုံးပြုနိုင်ခြင်းဖြစ်ပါသည် ။
၎င်းတို့မှာ
(၁) ဒဿမ ၅၀ ပြောင်း
(၂) ဒဿမ ၄၁၆ ပြောင်း ( ၁၀.၆ x ၈၃ မီလီမီတာ ကျည် )
(၃) ဒဿမ ၄၀၈ ပြောင်း ( ၁၀.၄ x ၇၃ မီလီမီတာ ကျည် )
(၄) ဒဿမ ၃၇၅ ပြောင်း ( ၉.၅ x ၈၇.၅ မီလီမီတာ ကျည် )
တို့ပဲ ဖြစ်ပါသည် ။

ထို ပြောင်း၎မျိုး (ကျည် ၄ မျိုး) ဖြင့် ကိုက် ၂၀၀၀ အတွင်းတိုက်ပွဲများ နှင့် စစ်ဆင်ရေးများတွင် ထုထည်ကြီးမားခြင်းမရှိသော အကာအကွယ်များ နောက်မှ ရန်သူများ နှင့် ရပ်တန့်နေသော ပေါ့ပါးသည့်ကိုယ်ထည်ရှိသော ကားများအတွင်းမှ ရန်သူကို အကောင်းဆုံးနှင့် အထိရောက်ဆုံး တိုက်ခိုက်နိုင်ပါသည် ။


မည်သည့် ပြောင်းမဆို တပ်ဆင်ပစ်ခတ်နိုင်သော ယင်းသေနတ်မှာ ဝေးကွာလွန်းသည့်အကွာအဝေးထဲမှာပင်မည်သည့်ပစ်မှတ်ကိုမဆို နက်နက်ရှိုင်းရှိုင်း ဖောက်ထွင်းပြီး တိကျသေချာသော ထိရောက်မှူ ရှိသည်ဟု လက်ဖြောင့်များက ချီးကျူးခဲ့ကြသည် ။စနိုက်ပါရိုင်ဖယ်တစ်လက်တွင်ရှိရမည့် အရေးကြီးဆုံး အချက်မှာ စွမ်းရည်မြင့်တိကျသော
ထိရောက်မှူ ဒီဂရီ နှင့် မောင်းပြန်အား လျှော့နည်းမှူ အနည်းဆုံးရှိရမည် ဖြစ်သည် ။ယခု DTA /HTI တွင် ယင်းအရည်အချင်းအနီးစပ်ဆုံးရှိနေသည် ။ M107 သည်ပင် မောင်းပြန်အား လျှော့နည်းမှုအပိုင်းတွင် ယခု DTA /HTiကို မမှီပေ ။မောင်းပြန်အားသည် ကိုင်ဆောင်သူ စနိုက်ပါ လက်ဖြောင့်သမားတစ်ယောက်အတွက် အနှောင့်အယှက်ဖြစ်စရာကောင်းသော တုံ့ပြန်မှု မဖြစ်ပေ။

DTA ရိုင်ဖယ်အား ခက်ခဲကြမ်းတမ်းသော စစ်ဆင်ရေးများ ဓါးစာခံကယ်ဆယ်ရေးကဲ့သို့ အကြမ်းဖက်နှိမ်နှင်းရေးစစ်ဆင်ရေးများ နှင့် အထူးတပ်ဖွဲ့များအတွက် အဆိုပါတပ်ဖွဲ့ဝင်များဆီမှ စစ်တမ်းများနှင့်တိုက်ဆိုင်စစ်တမ်းယူပြီးဒီဇိုင်းထုတ်ခဲ့သည် ။ ။DTA ရိုင်ဖယ်သည် M107/M82A1 ထက်ပို၍ ၁၂ လက်မနီးပါး တိုတောင်းသွားသော်လည်း
ထိရောက်မှူ အကွာအဝေး ပိုမိုပစ်နိုင်တဲံအပြင် အလေးချိန် ၁၂ ပေါင်လျှော့နည်းသွားပါသည်။


DTA HTI လက်ဖြောင့်ရိုင်ဖယ်၏ ဖွဲ့စည်းတည်ဆောက်ထားပုံ အချက်အလက်များ
DTAပြောင်းအမျိုးအစားလိုက် အသုံးပြုကျည်ဆံ
ကျည်ဒဿမ ၅၀ ဘရောင်နင်ဒဿမ ၃၇၅ CheyTacဒဿမ ၄၁၆ Barrettဒဿမ ၄၀၈ CheyTac

ပြောင်းအလျားများ 
ကျည်ဆံအလျား
ဒဿမ ၅၀ BMG:45 3/8 in (114.3 cm)ဒဿမ ၃၇၅ CheyTac:45 3/8 in (114.3 cm)ဒဿမ၄၁၆ Barrett:45 3/8 in (114.3 cm)ဒဿမ၄၀၈ CheyTac:44 3/8 in (112.7 cm)

တပ်ဆင်အသုံးပြုသော ပြောင်းနှင့်ကျည် အလိုက် အလေးချိန် 
ကျည်ဆံ/ပြောင်းအလေးချိန်
ဒဿမ ၅၀ BMG:20.25 lb (9.18kg)ဒဿမ ၃၇၅ CheyTac:20 lb (9.07kg)ဒဿမ၄၁၆ Barrett:20.25 lb (9.18kg)ဒဿမ၄၀၈ CheyTac:20.25 lb (9.18kg)

ပြောင်းရစ်ပမာဏများ 
ကျည်ဆံ/ပြောင်းပြောင်းရစ်
ဒဿမ ၅၀ BMG:1 in 15 inchesဒဿမ ၃၇၅ CheyTac:1 in 11.5 inchesဒဿမ၄၁၆ Barrett:1 in 12 inchesဒဿမ၄၀၈ CheyTac:1 in 13 inches
ကိုယ်ထည်အလေးချိန်:မောင်းဆွဲခလုတ်
8.2 lb (3.7 kg)3 lb. Fully Adjustable


DTA HTI လက်ဖြောင့်ရိုင်ဖယ်အား စမ်းသပ် ပစ်ခတ်စဉ်(ဗီဒီယို) 

Dragunov SVD


မြောက်ပိုင်းဝက်ဝံကြီးရဲ့ အအောင်မြင်ဆုံး ကမ္ဘာ့အကြိုက်ဆုံး စနိုက်ပါရိုင်ဖယ်ကိုပြပါဆိုလျှင် ဒရာဂွန်နော့ဗ် လက်ဖြောင့်ရိုင်ဖယ်ကို လူတိုင်း ပြေးမြင်မိကြမှာပါ။ စစ်တပ်တွေမှာ အထူးတပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ ပုန်ကန်လိုသူတွေ ကြေးစားလက်ဖြောင့်တွေ အစရှိသဖြင့် ကမ္ဘာ့နေရာအရပ်ရပ်က လက်နက်ကိုင်တိုင်း ဆီမှာတွေ့နိုင်တဲ့ စနိုက်ပါရိုင်ဖယ်ဖြစ်ပါတယ် ။ 7.62 ကျည်နဲ့ ပစ်နိုင်ခြင်း ပေါ့ပါ့လွန်းခြင်း ထိရောက်မှူကောင်းခြင်းတို့ကြောင့် အကြိုက်တွေ့ကြပါတယ် ။




Dragunov SVD

ဆိုဗီယက် ယူနီယံ ခေတ်ကောင်းစဉ်က ရုရှားလက်နက်ဒီဇိုင်းပညာရှင် Евгений Фёдорович Драгунов က ၁၉၅၈ မှာ ပုံစံရေးဆွဲခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ ဆိုဗီယက် တပ်နီတော်မှာ စတင် အသုံးပြုခဲ့ပါတယ်။


ရိုင်ဖယ်ရဲ့ မောင်းပြန်နည်းပညာကတော့ ဓါတ်ငွေ့အားသုံး ဆီမီးအော်တိုမစ်နစ် မောင်းပြန်စနစ် ပဲဖြစ်ပါတယ် ။
(မှတ်ချက် ။ ဓါတ်ငွေ့အားသုံး ဆီမီးအော်တိုစနစ်ဆိုသည်မှာ ပထမတစ်ချက် မောင်းတင်ပြီးသည်နှင့်နောက်
ကျည်များ ပစ်ခတ်ရန်အတွက် အော်တိုစနစ် မောင်းပြန်ခြင်းဖြစ်သည် ။ သာမာန် Manual စနစ်မှာတော့
ကျည်ရှိမှသာ မောင်းပြန်ပြီး ဓါတ်ငွေ့စနစ်မှာတော့ ပြောင်းရင်းထဲ ကျည်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
အော်တိုမောင်းပြန်ခြင်းဖြစ်ပါတယ်)
ဒရာဂွန်နော့ဗ်ကို ခြေလျှင်တပ်စုတိုက်ခိုက်ရေးလက်နက်အနေနဲ့ အသုံးပြုဖို့ရည်ရွှယ်ထုတ်လုပ်ခဲ့ခြင်းဖြစ် ပြီး မီတာ ၆၀၀ ထိရောက်မှူရှိစေပါတယ် ။ရိုင်ဖယ်ကို စနိုက်ပါ အနေနှင့်လည်းကောင်း ချေမှူန်းရေး ရိုင်ဖယ် အနေနဲ့ပါ တစ်နည်း ၂ မျိုးအသုံးပြုလို့ရအောင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်လည်း လှံစွပ်တပ်ဆင် ရန်နေရာပါ ပါရှိလာပါတယ်။လှံစွပ်ကိုတော့ AK 47 လှံစွပ်အား တပ်ဆင် အသုံးပြုနိုင်ပါတယ် ။ နောက်ပိုင်း အဆင့်မြင့်တင်မှုအပြီးမှာတော့ ရိုင်ဖယ်ဟာ မီတာ 800 အထိရောက်ဆုံး ဖြစ်ခဲ့ပါတယ် ။ရုရှား တပ်မတော် လေထီးတပ်ဖွဲ့တွေဟာ ဒရာဂွန်နော့ဗ်ကို ပြောင်းအလျား ၅၉၉ မီလီမီတာ ပြောင်းတို တပ်ဆင် အသုံးပြုလာကြပါတယ် ။
လေထီးတပ်ဖွဲ့ကိုင် ဒရာဂွန်နော့

 ဒရာဂွန်နော့ရိုင်ဖယ်ကို ချေမှူန်းရေးရိုင်ဖယ်အဖြစ်နဲ့ 5.45x39 မမ ပြောင်းနဲ့ ကျည်အိမ် 45 တောင့်ဆံနှင့် AK-74 ကဲ့သို့ အသုံးပြုတဲ့အခါ မီတာ1000 အထိ ထိရောက်မှူကောင်းတာကို စမ်းသပ်တွေ့ရှိရပါတယ်။



 အသုံးပြုခဲ့သော နယ်ပယ်
ဒရာဂွန်နော့ဗ်ရိုင်ဖယ်ကို ဗီယက်နမ် စစ်ပွဲ ၊ ဗီယက်နမ်-ကမ္ဘောဒီးယား စစ်ပွဲ ၊ အာဖဂန်နစ္စတန်သို့ ရုရှားဝင်ရောက်တိုက်ခဲ့သော စစ်ပွဲ ၊ ချေချင်းညာတိုက်ပွဲကာလ ၊၁၉၉၀ ကူဝိတ် စစ်ပွဲ ၊ အီရတ် စစ်မြေပြင် ၊ ယူဂိုဆလပ် တိုက်ပွဲစဉ်များ ၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသ တိုက်ပွဲများ ၊ လစ်ဗျား ပြည်သူစစ်ကာလ တွေမှာ ပြောင်မြောက်စွာ လက်စွမ်းပြနိုင်ခဲ့ပါတယ် ။

 အရည်အသွေးများ 
ရိုင်ဖယ်ဟာ 10 တောင့်ဆံ ကျည်အိမ် တပ်ဆင်ထားပြီး 7.62x54 မမ နှင့် 7.62x39 မမ ကျည်ဆံဖြင့်အသုံး
ပြုပါတယ်။သေနတ်ပြောင်းကတော့ ခရိုမီယံသတ္ထုနဲ့ ပြုလုပ်ထားပြီး ပြောင်းရစ်ကတော့(1း12.6)အချိုးဖြင့် ပြောင်းရစ်တစ်ရစ်ကျစီ ၄ ရစ်( ညာရစ်) ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ စနိုက်ပါ ရိုင်ဖယ်အဖြစ်သုံးလာကြ
တဲ့အတွက် ပြောင်းရစ်အချိုးကို(1း9.4) အချိုး ရစ်လိုက်ပါတယ်  ။ အဲဒီအတွက် ပြောင်းတုန်ခါမှုနည်းသွားပြီး
ပြောင်းထွက်ရှိန် 820 m/s (တစ်စက္ကန့်ကို ပေ ၂၅၀၀ ) ရှိလာပါတယ် ။
ပစ်မှတ်ထိချက်တွေကတော့ ပြောင်းရစ်အချိုး(1း9.4) မှာ ၁.၂၄ မိနစ် ရှိပြီး (1း12.6) မှာ(1း04) မိနစ်နီးနီး
ဖြစ်ပါတယ်။စနိုက်ပါသီးသန့်ကျည် 57-N-323s ဖြင့် ပစ်မည်ဆိုပါက 1.11 မိနစ် ရရှိနိုင်ပါတယ်


Dragunov SVD အစိတ်အပိုင်းများ


 အမျိုးအစားများ ပြန့်ကားမှူ
ဒရာဂွန်နော့ဗ် ရိုင်ဖယ်ကို နိုင်ငံအချို့ဆီ လိုင်စင်ချပေးပြီး ထုတ်လုပ်ထားပါတယ် ။
အီရတ် ကတော့  Al-Kadesih sniper rifle ဆိုပြီးထုတ်ပါတယ် ။


Al-Kadesih sniper rifl
ပိုလန် နိုင်ငံကတော့ SWD-M ဆိုပြီး ထုတ်ပါတယ် ။အောက်ပုံမှာတော့ ပိုလန်စစ်သားကို SWD-M နဲ့အတူတွေ့ရမှာပါ။
 SWD-M
တရုတ်နဲ့အီရန် ကတော့ Type 79 နဲ့ Type 85 ဆိုပြီးထုတ်ပါတယ်။ထုံးစံအတိုင်း တရုတ်ကတော့ ဝက်ဝံကြီးဆီက ခိုးပါတယ် ။ အဲဒါကို အီရန်က တရုတ်ရဲ့ Type 79 ကို ပြန်ခိုးပါတယ်။

Type 79

၁၉၉၄ မှာတော့ ဒရာဂွန်နော့ SVD ကိုပဲအခြေခံပြီး SVU ဆိုပြီး BullPup(မောင်းခလုတ် နောက်တွင်ကျည်အိမ်နှင့်မောင်းပြန်စစ်စတမ်တပ်ဆင်ထားသော) သေနတ်အမျိုးအစားအသစ်ထုတ်လိုက်ပါတယ်။ပြောင်းစွပ်(မီးကာ)ကိုတော့ ဒရာဂွန်နော့ SVD ထက် ၃ ဆ တည်ငြိမ်မှု ထိန်းချုပ်မှု ဆူညံမှု နည်းတဲ့ မီးကာ ကို modified လုပ်ခဲ့ပြီး သေနတ်နောက်တွန့်ဆုတ်အားကို ၄၀ ရာခိုင်နူန်း လျော့ချနိုင်ခဲ့တဲ့ Shorted Rifle အဖြစ်သုံးခဲ့ပါတယ်။

SVU 

   ရိုင်ဖယ်မှန်ပြောင်း(Scope)  

Sniper rifles တွေထဲမှာတော့ ဒရာဂွန်နော့ဗ်ရဲ့ မှန်ပြောင်း(scope)ဟာ ထူးခြားတဲ့ပုံကြောင့် လူသိများပါတယ်။ သေနတ်ကိုယ်ထည်ဖုံးမှာရှိတဲ့ နောက်ချိန်ဆိုဒ်ဟာ မီတာ ၁၂၀၀ အထိချိန်ရွှယ်နိုင်ပါတယ်။ချိန်ဆိုဒ်ဟာ မှန်ပြောင်းတပ်၍သော်လည်ကောင်း သာမာန်ချိန် အသုံးပြုနညးနဲ့
သော်လည်းကောင်း အသုံးပြုနိုင်ပါတယ် ။မှန်ပြောင်းအမျိုးအစားကတော့ PSO-1 လို့ခေါ်တဲ့ ၄ ဆချဲ့ ၆ ဒီဂရီ
မှန်ပြောင်းဖြစ်ပါတယ် ။သာမာန်ရာသီဥတုမှာ နေကာပြားတွေအုပ်ပြီးကြည့်တဲ့အချိန်မှာ ၃၇၅ မီတာ အထိ မြင်နိုင်ပါတယ် ။အနီအောက်ရောင်ခြည်ကိုကာကွယ်ထားပြီး အပူချိန် 50 ဒီဂရီ ဆဲလ်စီးရပ်နဲ့ အအေးချိန် အနုတ် ၅၀ ဒီဂရီဆဲလ်စီးရပ်ကြားမှာသုံးနိုင်ပါတယ် ။ညမြင်အတွက်လည်း ဒိုင်အုတ် မီးသီးငယ်လေးများအကူအညီဖြင့်မှန်ဘီလူးကို
ဘက်ထရီစွမ်းအင်နဲ့ လင်းစေတဲ့ မှန်ဘီလူးဖြစ်ပါတယ်။
မီတာ 600 ကနေ မီတာ 1300 အထိ ဆွဲကြည့်နိုင်ပါတယ် ။




  သေနတ် ရဲ့ အချက်အလက်များ

Dragunovအလေးချိန်
မှန်ပြောင်းနှင့်ကျည်မပါကျည်အိမ်၎.၃၀ ကီိလိုဂရမ်(၉.၄၈ ပေါင်)

SVDS
၆၈ ကီလိုဂရမ် (၁၀.၃ ပေါင်)
SUV
၎.၄၀ ကီလိုဂရမ်(၉.၇ ပေါင်)
SWD-M
၅.၂ ကီလိုဂရမ် kg (၁၁ ပေါင်)

Dragunovအလျားအရှည်
SVD၁၂၅၅ မီလီမီတာ (၄၈.၂ လက်မ)

SVD with stock extended
၁၁၃၅ မီလီမီတာ (၄၄.၇ လက်မ)
SVDS (stock folded )
၈၁၅ မီလီမီတာ (၃၂.၁ လက်မ)
SVU
၉၀၀ မီလီမီတာ (၃၅.၄ လက်မ)
SWD-M
၁၁၂၅ မီလီမီတာ (၄၄.၃ လက်မ)

Dragunovပြောင်းအရှည်
SVD၆၁၀ မီလီမီတာ (၂၄.၀ လက်မ)

SWD-M

SVDS
၅၆၅ မီလီမီတာ (၂၂.၂ လက်မ)
SVU
6၀၀ မီလီမီတာ (၂၃.၆လက်မ)

Dragunovပြောင်းထွက်ရှိန်
SVD, SVDS, SWD-M830 m/s (2,700 ft/s)

SVU
800 m/s (2,624.7 ft/s)

အခြား website များ

စုစည်းမှုများ

 

Statistik

This Blog is proudly powered by Blogger.com | Template by free Blogger template