ရိုင်ဖယ်အမည်များ

Sunday, July 27, 2014

Walther WA2000


ထူးထူးခြားခြား ၅နှစ်ကျော် ဒီဇိုင်းအကြိမ်ကြိမ်ဆွဲခဲ့ပြီး ၁၉၈၂ ကျမှ ပုံစံအတည်တကျပေါ်ထွက်လာတဲ့ စနိုက်ပါရိုင်ဖယ်ပါ ။၅ နှစ်ကျော် ဒီဇိုင်းဆွဲခဲ့သည့်ကြားကပင် ၁၉၈၈ အထိ ပုံစံ ၃မျိုးဆက်ထုတ်ခဲ့ပါတယ် ။အဲဒါကတော့ ဒသမ ၃၀၀ မဂ္ဂနပ်ပြောင်း/7.62x NATO နဲ့ 7.5x55 ဆွစ် တို့ပဲ ဖြစ်ပါတယ်။ဒဿမ ၃၀၀ မဂ္ဂနပ်ပြောင်းသေနတ်ဟာ မီတာ ၁၀၀၀ အထိ စွမ်းဆောင်နိုင်စွမ်းရှိပါတယ် ။အတည်မပြုနိုင်တဲ့ သတင်းများအရ ဒီသေနတ်ကိုမူတည်ပြီး နာမည်ကျော် DSR များ ပေါ်ထွက်လာတယ်ဆိုတာပါပဲ ။မောင်းပြန်စစ်စတမ်များကတော့ ဓါတ်ငွေ့အားသုံးမောင်းပြန်အပြင်တတောင့်ချင်းမောင်းပြန်နဲ့ ဆီမီးအော်တို တို့ဖြစ်ပါတယ် ။မောင်းခလုတ်ကိုတော့ နှစ်ချက်ဆွဲ adjustable သုံးထားပါတယ်..။sight ကိုလည်း ထူးထူးခြားခြား 2.5-10x56 မီလီမီတာ ပဲဖြစ်ပါတယ် ။ အလေးချိန်ကတော့ 6.95 ကီလိုဂရမ်ဖြစ်ပြီး ပြောင်းအလျှား 650 မီလီမီတာ အပါအဝင် သေနတ်တစ်ခုလုံး အရှည်ကတော့ 905 မီလီမီတာ ဖြစ်ပါတယ် ။ ၆တောင့်ဆံ ကျည်အိမ်နဲ့တွဲသုံးထားပြီး ဆီမီးအော်တိုမစ်တစ် မောင်းပြန်စနစ်ဖြစ်ပါတယ်။ ဂျာမာန်ရဲတပ်ဖွဲ့တွေအသုံးများပြီး အခုအခါမှာတော့ ထုတ်လုပ်မှူရပ်ဆိုင်းသွားပါပြီ ။




Komentar :

ada 0 comments ke “Walther WA2000”

Post a Comment

အခြား website များ

စုစည်းမှုများ

 

Statistik

This Blog is proudly powered by Blogger.com | Template by free Blogger template