ဝေးကွာတဲ့နေရာမှာရှိတဲ့ ခက်ခဲသော ပစ်မှတ်များကို ထိရောက်စွာ ချေမှူန်းနိုင်သော
လက်ဖြောင့်ရိုင်ဖယ်များတွင်အမေရိကန်ထုတ်(ဒဿမ ၅၀ ကျည်သုံး ) M107 A1/2/3 များမှာ နာမည်ကျော်သည်မှာ ဆယ်စုနှစ်များရှိခဲ့ပါသည် ။ယခုတိုင်လည်း ထိရောက်ကောင်းမွန်စွာ အသုံးပြုနေဆဲဖြစ်သည်။
သို့သော်လေးလံခြင်းထုထည်ကြီးမားခြင်းသယ်ဆောင်ရခက်ခဲခြင်းပြောင်းရွှေ့လှုပ်ရှားရန် ခက်ခဲသည့်
အခက်အခဲများကြောင့် တိုက်ပွဲဝင် လက်ဖြောင့်စစ်သည်တို့ရဲ့ တောင်းဆိုမှူကြောင့် M107 များနေရာတွင် အစွမ်းထက်သော လက်ဖြောင့်ရိုင်ဖယ်များကို အစားထိုးသုံးလာကြသည် ။
M107 ဒဿမ ၅၀ စနိုက်ပါရိုင်ဖယ်ကြီး |
BullPup(မောင်းခလုတ် နောက်တွင်ကျည်အိမ်နှင့်မောင်းပြန်စစ်စတမ်တပ်ဆင်ထားသော) သေနတ်အမျိုးအစားဖြစ်ပြီး M107 ထက် ၁၁ လက်မခွဲ တိုတောင်းပြီး ၁၀.၅ ပေါင် အလေးချိန်သာ ရှိတော့သော စနစ်ကျနမှူရှိတဲ့ အချိုးအစားကျစ်လစ် သပ်ရပ်တဲ့ သေနတ်ကောင်းတစ်လက် ဖြစ်ပါသည်။ သေနတ်ရဲ့ထူးခြားချက်ကတော့ သေနတ်ကိုယ်ထည်မူရင်းထဲတွင် သေနတ်ပြောင်းအမျိုးအစား၎ မျိုးပြောင်းလဲ တပ်ဆင် အသုံးပြုနိုင်ခြင်းဖြစ်ပါသည် ။
၎င်းတို့မှာ
(၁) ဒဿမ ၅၀ ပြောင်း
(၂) ဒဿမ ၄၁၆ ပြောင်း ( ၁၀.၆ x ၈၃ မီလီမီတာ ကျည် )
(၃) ဒဿမ ၄၀၈ ပြောင်း ( ၁၀.၄ x ၇၃ မီလီမီတာ ကျည် )
(၄) ဒဿမ ၃၇၅ ပြောင်း ( ၉.၅ x ၈၇.၅ မီလီမီတာ ကျည် )
တို့ပဲ ဖြစ်ပါသည် ။
ထို ပြောင်း၎မျိုး (ကျည် ၄ မျိုး) ဖြင့် ကိုက် ၂၀၀၀ အတွင်းတိုက်ပွဲများ နှင့် စစ်ဆင်ရေးများတွင် ထုထည်ကြီးမားခြင်းမရှိသော အကာအကွယ်များ နောက်မှ ရန်သူများ နှင့် ရပ်တန့်နေသော ပေါ့ပါးသည့်ကိုယ်ထည်ရှိသော ကားများအတွင်းမှ ရန်သူကို အကောင်းဆုံးနှင့် အထိရောက်ဆုံး တိုက်ခိုက်နိုင်ပါသည် ။
မည်သည့် ပြောင်းမဆို တပ်ဆင်ပစ်ခတ်နိုင်သော ယင်းသေနတ်မှာ ဝေးကွာလွန်းသည့်အကွာအဝေးထဲမှာပင်မည်သည့်ပစ်မှတ်ကိုမဆို နက်နက်ရှိုင်းရှိုင်း ဖောက်ထွင်းပြီး တိကျသေချာသော ထိရောက်မှူ ရှိသည်ဟု လက်ဖြောင့်များက ချီးကျူးခဲ့ကြသည် ။စနိုက်ပါရိုင်ဖယ်တစ်လက်တွင်ရှိရမည့် အရေးကြီးဆုံး အချက်မှာ စွမ်းရည်မြင့်တိကျသော
ထိရောက်မှူ ဒီဂရီ နှင့် မောင်းပြန်အား လျှော့နည်းမှူ အနည်းဆုံးရှိရမည် ဖြစ်သည် ။ယခု DTA /HTI တွင် ယင်းအရည်အချင်းအနီးစပ်ဆုံးရှိနေသည် ။ M107 သည်ပင် မောင်းပြန်အား လျှော့နည်းမှုအပိုင်းတွင် ယခု DTA /HTiကို မမှီပေ ။မောင်းပြန်အားသည် ကိုင်ဆောင်သူ စနိုက်ပါ လက်ဖြောင့်သမားတစ်ယောက်အတွက် အနှောင့်အယှက်ဖြစ်စရာကောင်းသော တုံ့ပြန်မှု မဖြစ်ပေ။
DTA ရိုင်ဖယ်အား ခက်ခဲကြမ်းတမ်းသော စစ်ဆင်ရေးများ ဓါးစာခံကယ်ဆယ်ရေးကဲ့သို့ အကြမ်းဖက်နှိမ်နှင်းရေးစစ်ဆင်ရေးများ နှင့် အထူးတပ်ဖွဲ့များအတွက် အဆိုပါတပ်ဖွဲ့ဝင်များဆီမှ စစ်တမ်းများနှင့်တိုက်ဆိုင်စစ်တမ်းယူပြီးဒီဇိုင်းထုတ်ခဲ့သည် ။ ။DTA ရိုင်ဖယ်သည် M107/M82A1 ထက်ပို၍ ၁၂ လက်မနီးပါး တိုတောင်းသွားသော်လည်း
ထိရောက်မှူ အကွာအဝေး ပိုမိုပစ်နိုင်တဲံအပြင် အလေးချိန် ၁၂ ပေါင်လျှော့နည်းသွားပါသည်။
ထိရောက်မှူ အကွာအဝေး ပိုမိုပစ်နိုင်တဲံအပြင် အလေးချိန် ၁၂ ပေါင်လျှော့နည်းသွားပါသည်။
ီDTA HTI လက်ဖြောင့်ရိုင်ဖယ်၏ ဖွဲ့စည်းတည်ဆောက်ထားပုံ အချက်အလက်များ
DTA | ပြောင်းအမျိုးအစားလိုက် အသုံးပြုကျည်ဆံ | |||
---|---|---|---|---|
ကျည် | ဒဿမ ၅၀ ဘရောင်နင် | ဒဿမ ၃၇၅ CheyTac | ဒဿမ ၄၁၆ Barrett | ဒဿမ ၄၀၈ CheyTac |
ပြောင်းအလျားများ
ကျည်ဆံ | အလျား | ||||||
---|---|---|---|---|---|---|---|
ဒဿမ ၅၀ BMG: | 45 3/8 in (114.3 cm) | ဒဿမ ၃၇၅ CheyTac: | 45 3/8 in (114.3 cm) | ဒဿမ၄၁၆ Barrett: | 45 3/8 in (114.3 cm) | ဒဿမ၄၀၈ CheyTac: | 44 3/8 in (112.7 cm) |
တပ်ဆင်အသုံးပြုသော ပြောင်းနှင့်ကျည် အလိုက် အလေးချိန်
ကျည်ဆံ/ပြောင်း | အလေးချိန် | ||||||
---|---|---|---|---|---|---|---|
ဒဿမ ၅၀ BMG: | 20.25 lb (9.18kg) | ဒဿမ ၃၇၅ CheyTac: | 20 lb (9.07kg) | ဒဿမ၄၁၆ Barrett: | 20.25 lb (9.18kg) | ဒဿမ၄၀၈ CheyTac: | 20.25 lb (9.18kg) |
ပြောင်းရစ်ပမာဏများ
DTA HTI လက်ဖြောင့်ရိုင်ဖယ်အား စမ်းသပ် ပစ်ခတ်စဉ်(ဗီဒီယို)
ကျည်ဆံ/ပြောင်း | ပြောင်းရစ် | ||||||
---|---|---|---|---|---|---|---|
ဒဿမ ၅၀ BMG: | 1 in 15 inches | ဒဿမ ၃၇၅ CheyTac: | 1 in 11.5 inches | ဒဿမ၄၁၆ Barrett: | 1 in 12 inches | ဒဿမ၄၀၈ CheyTac: | 1 in 13 inches |
ကိုယ်ထည်အလေးချိန်: | မောင်းဆွဲခလုတ် |
---|---|
8.2 lb (3.7 kg) | 3 lb. Fully Adjustable |
DTA HTI လက်ဖြောင့်ရိုင်ဖယ်အား စမ်းသပ် ပစ်ခတ်စဉ်(ဗီဒီယို)
Komentar :
Post a Comment