ရိုင်ဖယ်အမည်များ

Sunday, July 27, 2014

QBU 09/ QBU 10


QBU 10 ၁၂.၇ မမ လက်ဖြောင့်သေနတ်ကြီးကတော့ QBU 09 ကို ထုတ်လုပ်ပြီး မကြာမီမှာပဲ အဆင့်မြင့်တင်လိုက်တဲ့ သေနတ်ဖြစ်ပါတယ် ။တရုတ်အထူးတပ်ဖွဲ့ဝင်များ နဲ့ မရိန်း တပ်တွေ အတွက်တပ်ဆင်ပေးဖို့ ရည်ရွှယ်ထားခဲ့ပြီးမီတာ၁၀၀၀အတွင်းမှာရှိတဲ့ ပေါ့ပါးတဲ့ကား တွေ သံချပ်ကာကား တွေကိုဟန့်တားဖို့ရယ် ဘန်ကာတွေနဲ့ နံရံတွေနောက်က ရန်သူကိုပစ်ခတ်နိုင်ဖို့ဖြစ်ပြီး မီတာ ၂၀၀၀ အတွင်းက လူစုလူဝေးပစ်မှတ်တွေကို ဖြို့ခွင်းတိုက်ခိုက်ဖို့ဖြစ်ပါတယ်။
 စထုတ်ကတည်းက တရုတ်တပ်မတော်တစ်ခုအတွက်သာ ရည်ရွှယ်ထုတ်လုပ်ခဲ့ပြီး မည်သည့်နိုင်ငံခြားကိုမှ
ရောင်းချထားခြင်းမရှိသေးပါဘူး ။ အဲဒီအတွက်လည်း သူ့ရဲ့အစွမ်းကို သိနိုင်ခဲပါတယ် ။ဒါပေမယ့် ထူးခြားတဲ့
အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလ မှာတော့ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက ကေအိုင်အေ အကြမ်းဖက်
သောင်းကျန်သူတွေ လက်ထဲမှာ ထူးထူးခြားခြားတွေ့ရှိလိုက်ရပါတယ် ။

QBU 10 အနေဖြင့် ယခင်ဆိုဗီယက် စံတစ်ခုဖြစ်တဲ့ ၁၂.၇x၁၀၈ မီလီမီတာ ကိုတုပယူထားပြီး ဒဿမ ၅၀ နဲ့ နေတိုးစံဖြစ်တဲ့ ၁၂.၇x၉၉ တွေ လည်း ရှိနေနိုင်ပါသေးတယ် ။အနောက်နိုင်ငံ ဟန်/ဒီဇိုင်းကို မမှီခိုပဲ
ကိုယ်ပိုင်ဒီဇိုင်းနဲ့ထုတ်ထားနိုင်ခဲ့တဲ့အတွက် သေနတ်တစ်လက်အနေနဲ့ ရုရှားသေနတ်များကဲ့သို့ မျက်နှာရစေမှာတော့ သေချာပါတယ် ။

QBU 10 ဟာ မီတာ ၁၀၀၀ မှာ 2-3MOA ထိမှတ်ညွန်းရှိပါတယ် ။စနိုက်ပါ ကျည်ဖြင့်ပစ်ခတ်လျှင် မီတာ ၁၀၀၀ မှာ  full-spread circle diameter ၁၃ စင်တီမီတာ ရရှိနိုင်ပြီး ရိုးရိုးကျည်ဖြင့် ပစ်ခတ်လျှင်တော့
မီတာ ၁၅၀၀ မှာ full-spread circle diameter ၁၅ စင်တီမီတာ ထိရောက်ပါတယ် ။

သူ့ရဲ့ မောင်းပြန် နည်းပညာကတော့ ဆီမီးအော်တိုမစ်တစ် Gas-operated  ဖြစ်ပြီး တုန်ခါမှူအားကို သိသိ
သာသာ လျှော့ချထားနိုင်တယ်လို့ ကြားရပါတယ် ။ဆုံလည်မောင်းတုံးဖြစ်တဲ့ rotary Bolt Locking နဲ့ပဲဖြစ်ပြီး Short-Stoke GAS Piston အသုံးပြု မောင်းပြန်နည်းပညာဖြစ်ပါတယ် ။ကျည်ဆံ ၅ တောင့်ဝင်
ကျည်အိမ်နဲ့ တပ်ဆင်ပစ်ခတ်ပါတယ် ။

လက္ခဏာများယူနစ်များ
ပြောင်းအမျိုးအစား၁၂.၇x၁၀၈ မီလီမီတာ
မောင်းပြန်နည်းပညာGas Operated/Semi-Automatic
သေနတ်တစ်ခုလုံးအလျား၁၃၈၀ မီလီမီတာ/၅၄.၃ လက်မ
ပြောင်းအလျား၇၈၀ မီလီမီတာ/၃၀.၇ လက်မ
ပြောင်းအမျိုးအစား၁၂.၇x၁၀၈
သေနတ်အလေးချိန်(ကျည်အိမ်မပါ/စကုပ်မပါ)၁၃.၃ ကီလိုဂရမ်/၂၉.၃ ပေါင်



ပြောင်း/ကိုယ်ထည်/ဒင် နဲ့ အပစ်ခလုတ်မောင်းအစုအဝေးပိုင်းတို့ကို လျှင်မြန်စွာဖြုတ်နိုင် တပ်နိုင်ပါတယ်။



ပစ်ခတ်သူစနိုက်ပါအနေနဲ့ အစိတ်အပိုင်းလိုက်ဖြုတ်ကာ ကျောပိုးအိတ်ထဲ ထည့်ပြီး သက်တောင့်သက်တာ
သယ်ဆောင်အသုံးပြူနိုင်တဲ့ အပြင် ရုတ်ချည်းလျှင်မြန်စွာတပ်ဆင် အသုံးပြုနိုင်ပါတယ် ။ချိန်ဆိုဒ်များဟာ ခေါက်/တင် လို့ရတဲ့ အမျိုးအစားဖြစ်ပြီး သေနတ်ပြောင်းတွင်လည်း နှစ်ချောင်းထောက်
တပ်ဆင်ထားခဲ့ပြီး ဒင်အောက်တွင်လည်း တစ်ချောင်းထောက်ငယ် ကို တပ်ဆင်ထားပေးပါတယ် ။ကိုယ်ထည်မှာ စကုပ်တပ်ဆင်ရန် integral Picatinny-type rail လမ်းကြောင်းတပ်ဆင်ထားပေးပါတယ် ။

Picatinny-type rail လမ်းပေါ်တွင်တပ်ဆင်ထားသော ဘက်စုံစနစ်ပါဝင်သော 8ဆချဲ့တပ်လီစကုပ်နှင့် ခေါက်/တင် နိုင်သော သာမာန် Iron ချိန်ဆိုဒ်


တပ်ဆင်အသုံးပြုတဲ့ စကုပ်ဟာဆိုလျှင် ၈ ဆ ချဲ့တယ်လီစကုပ်ဖြစ်ပြီး ညကြည့် IRစနစ် အလိုအလျောက်အ
ကွာဝေးတိုင်းစနစ်နဲ့ ပစ်ခတ်ရန်အတွက် ကျည်ဆံအလေးချိန် လေတိုက်နှူန်း အပူချိန် စသည်ဖြင့် တွက်ချက်
နိုင်ပြီး စကုပ်အနေအထားယူနစ်များကိုပါတွက်ချက်ဖော်ပြပေးပြီး မှတ်တမ်းတင်ထားနိုင်တဲ့ ballistic computer စနစ်တို့ပါဝင်တဲ့ တယ်လီစကုပ်ကို တပ်ဆင်ပါတယ် ။တုန်ခါမှူနည်းပါးစေနိုင်ဖို့ ပြောင်းစွပ် မီးကာ
ကြီး တပ်ဆင်ထားပြီး ဒင်ကို ရာဘာတုံးနဲ့လုပ်ထားပြီး ဒင်အပေါ်သားကိုလည်းရာဘာပြားနဲ့ပဲ အုပ်မိုးပေးထား
ပါတယ် ။တုန်ခါမှူနည်းစေတဲ့ ပြောင်းကို အသုံးပြုထားတယ်လို့ဆိုပေမယ့် တကယ်တမ်းမှာတော့ တုန်ခါမှူဟာထင်ထားသလောက် မလျှော့တာကို တွေ့နိုင်ပါတယ် ။

ပြောင်းစွပ် muzzle flame


ရာဘာအုပ် ရာဘာဒင်

ဒါကတော့ ကေအိုင်အေစခန်းတစ်ခုမှာမြင်ရတဲ့ QBU10 သို့မဟုတ် QBU 09 ပါ

အောက်ပါဗီဒီယိုဖိုင်ကတော့ QBU 10 ကိုထုတ်ကြွားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ် ။
http://www.youtube.com/watch?v=WTwixYorv_Q



(မှားယွင်းချွတ်ချော်မှူ ရှိပါက စာရေးသူ၏ လေ့လာမှူ အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်)

Komentar :

ada 0 comments ke “QBU 09/ QBU 10”

Post a Comment

အခြား website များ

စုစည်းမှုများ

 

Statistik

This Blog is proudly powered by Blogger.com | Template by free Blogger template