ရိုင်ဖယ်အမည်များ

Sunday, July 27, 2014

AK 107

AK 107/108 ဟာ ဆိုလျှင် ရုရှားရဲ့ အေကေ ၁၀၀ စီးရီးတွေကနေ ဆက်ထွက်လာတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ် ။ ယူးရိ အဲလက်ရ်ဇန်းဒရော့ဗ် ရဲ့ဒီဇိုင်းဖြစ်ပြီး ၁၉၉၀ မှာ ထွက်ရှိထားပြီး SEK-971 ကဲ့သို့ Balanced အမျိုးအစားတူဖြစ်ပါတယ် ။
အေကေ ၁၀၇ ရဲ့ သေနတ်ပြောင်း/ကျည် ကတော့ 5.49x39 မမ ဖြစ်ပြီး အေကေ ၁၀၈ ရဲ့ ပြောင်း/ကျည် ကတော့ 5.56x45 ဖြစ်ပါတယ် ။

အတွဲတိုပစ်ခတ်မှူမှာ သေနတ်လှူပ်ခါမှူကိုအတတ်နိုင်ဆုံးနည်းပါးစေဖို့နဲ့ပိုမိုထိရောက်မှူရှိစွာပစ်ခတ်နိုင်ဖို့ Gas operated(ယမ်းငွေ့အားသုံး မောင်းပြန်စနစ်)ကို အသုံးပြုပါတယ် ။ကျည်ဆံကိုမောင်းရိုက်တံကနေ ရိုက်ခတ်ပြီး ပစ်လွတ်တဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ ယမ်းပေါက်ကွဲအားက ယမ်းငွေ့တွေက ပြောင်းရင်းအပေါ်မှာ ရှိတဲ့ ဆိုင်လင်ဒါ ပြောင်းဆီကို တွန်းထိုးတတ်သွားပြီးပစ်စတင် နှစ်ခုကိုတွန်းအားပေးပါတယ်။အဲဒီအတွက်အပေါ်ပြောင်းထဲကပစ္စတင်ဟာ ရှေ့ကို
ရွှေ့လျားပါတယ်။တပြိုင်နက် သေနတ်ကိုယ်ထည်ထဲက မောင်းတုံးကို နောက်ကန်ရွှေ့လျားစေပါတယ် ။စမ်းသပ်ချက်တွေ အရ အေကေ 74 အမ် တွေထက် အတွဲတို ပစ်ခတ်မှူတွေမှာ 1.5-2 ကြိမ် လှူပ်ခတ်မှူ လျော့ပါးစေနိုင်ပါတယ်တဲ့ ။

အေကေ ၁၀၇ ရဲ့ Gas operated လှုပ်ရှားမှူ
သေနတ် ပြောင်းကိုတော့ ခရုမ်းသတ္ထုနဲ့ပြုလုပ်ထားပြီး 415 မီလီမီတာ အရှည်ရှိပါတယ် ။သေနတ်တစ်ခုလုံးရဲ့အလျားကတော့ 943 မီလီမီတာ ရှိပါတယ် ။ကျည်အိမ် ကိုကျည်ဆံ 30 ဆံဝင် ဘောက် နဲ့ ပစ်ခတ်နိုင်ပြီး
သေနတ်အလေးချိန်ကတော့ 3.8 ကီလိုဂရမ် လေးပါတယ် ။ထိရောက်မှူ အကွာအဝေးကတော့ မီတာ ၁၀၀၀ ဖြစ်ပြီး ပြောင်းထွက်ရှိန် တစက္ကန့် မီတာ 900 နဲ့ ပစ်နိုင်စွမ်း တစ်မိနစ် ကျည်တောင့် 850 ဖြစ်ပြီး အတောင့် 900 ထိ ပစ်ခတ်နိုင်စွမ်းရှိပါတယ်။
ပစ်ခတ်မှူ အမျိုးအစား ၃ မျိုးရှိပြီး
၁ ။တတောင့်ချင်း
၂။ အတွဲတို(၃တောင့်စီ)
၃။အတွဲလိုက်(ဆက်တိုက်)
တို့ပဲဖြစ်ပါတယ် ။
အေကေ ၁၀၇ ကို 2011 ခုနှစ်မှာ အဆင့်မြင့်တင်ခဲ့ပြီး သေနတ်ကိုယ်ထည်မှာ စကုပ်မှန်ပြောင်းတပ်ဆင်ရန်Rail လမ်းကြောင်းတစ်ခုတပ်ဆင်ထားသလို နောက်ချိန်ဆိုဒ်လည်း ပါရှိလာပါတယ်။


အေ ကေ ၁၀၇ ရဲ့ ပစ်ခတ်မှူစနစ်များ၊ မောင်းပြန်စနစ် နှင့် ပြောင်းယမ်းခါမှူအနည်းပါးဆုံးအခြေ
အနေတို့ကို အောက်ပါ ဗီဒီယို ကလစ်တွင် ကြည့်ရှူနိုင်ပါတယ် ။

Komentar :

ada 0 comments ke “AK 107”

Post a Comment

အခြား website များ

စုစည်းမှုများ

 

Statistik

This Blog is proudly powered by Blogger.com | Template by free Blogger template